အလင်္ကာကျော်စွာ ဆြာဒင်၏ နှစ်သစ်ဦးဆုတောင်း။။
ဆြာဒင့်အလိုအတိုင်းသာဆို လူနတ်ဗြဟ္မာသတ္တဝါအားလုံး လိုရာဆန္ဒတလုံးတဝတည်း ပြည့်စုံစေချင်လှပါတယ်။ ဆြာဒင်ဟာ တန်ခိုးရှင်မဟုတ်တဲ့ သာမျင်ညောင်ညမို့ ဆန္ဒသာပြုနိုင်ပါတယ်။
ငြိမ်းချမ်းသောဘဝကိုယ်စီမှာ လိုရာဆန္ဒပြည့်ဖို့ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ ဘာသာတရားအသီးသီးက ပြဌာန်းထားပြီးဖြစ်တာကြောင့် ကိုယ်စီကျင့်သုံးဆောက်တည်ဖို့သာ အခရာကျလှပါတယ် ။
ရိုးရာထုံးစံအတိုင်း ဆုတောင်းရရင်ဖြင့်
"မြန်မာနိုင်ငံတော်မလေ၊မင်းသူဌေး၊ကုန်သည်၊လယ်ပိုင့်ရှင်၊လယ်သမား၊ဆင်းရဲသား မကျန်စေ။လိုရာဆန္ဒပြည့်ဝစေ။ အောင်ပါစေ။စီးပွားရေးရယ် ကြီးပွားရေးရယ်၊သမီးရည်းစားအရေးလည်းအောင်ပါစေ ။
ဇမ္ဗူတဝှမ်းမှာ လှူဒါန်းမဲ့သူတွေ အောင်ပါစေ။ မင်္ဂလာပါရက်မြတ်လက်ထပ်မဲ့သူတွေ အောင်ပါစေ။ မြန်ပြန်ပြည်တိုင်းဘောင် ကြံစည်တိုင်း အောင်ပါစေ ။
ဗမာပြည်အမှီပြုတဲ့လူထုအားလုံး ကျန်းမာချမ်းသာစေ၊အောင်ပါစေသား အောင်စေသားဟေ"
လို့သာ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်အဟဲလေးနဲ့ အသံကုန်ဟစ်ပြီး တောင်းဆုခြွေရပါကြောင်း ခင်ဗျာ ။ ။
ခင်မင်လေးစားမှုများဖြင့်
မင်းဒင်
ဖူးခက်ကျွန်း
ထိုင်းနိုင်ငံတောင်ပိုင်း
မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊နှောင်းတန်ခူးလဆုတ်(၃)ရက်
မြန်မာနှစ်ဆန်းတစ်ရက်နေ့။
၂၀၁၄ခုနှစ် ဧပြီလ(၁၇) ရက်