Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

ခေတ္တနားပါဦးမည်။

$
0
0

ခေတ္တနားပါဦးမည်။

၁။ ကျနော်သည်စာပေလောကသို့နောက်ကျ၍ဝင်ရောက်လာသူဖြစ်၏။စာရေးလိုလှသော ကျနော့်ဝါသနာကို ဆန်းကြယ်လှသော ကံတရားက မျက်နှာသာပေး၊တွန်းပို့ခဲ့မှုကြောင့်၊စာရေးသူဖြစ်လာခဲ့သည်။ ကျနော့် စာများကိုစာဖတ်သူတချို့လက်ခံဖတ်ရှုသောကြောင့် စာဆက်ရေးဖြစ်သည်။အထူးသဖြင့် ယခုလပိုင်းတွင် စာရေးစိပ်သည်။ ထို့ကြောင့် ပြည်တွင်းသတင်းစာ၊ဂျာနယ်တိုက်များနှင့်ပို၍ အဆက်အဆံရှိလာ၏။

မှော်ပီဆရာသိန်းကြီးကို မှော်ဘီတွင်နေပါလျက် စာမူခအချိန်မီလာမထုတ်ခြင်းအပေါ် ကြေညာချက်ထုတ်၍စာမူခလာထုတ်ပါရန် ကြေညာသည့် မျက်မှောက်ခေတ်ကမ္ဘာကျော်အယ်ဒီတာတို့နှင့်လည်း ကြုံရဆုံရသည်။

ထိုအခါ အလွန်ထူးဆန်းသောတုန့်ပြန်မှုအချို့ကို ကြုံတွေ့ရသည်။ယင်းတို့ကားနမူနာအားဖြင့် အောက်ပါ အချက် တို့ဖြစ်၏။

(က) သရော်စာတွေက၊၊အပြောင်အပြက်ရေးသလိုဖြစ်နေတယ်။

(ခ) အစိုးရနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေ၊စီးပွားရေးလောကထိပ်သီး ပုဂ္ဂိုလ်တွေရဲ့အတွင်းရေးတွေချည်းသီးသန့်ဖွင့်ချပေးပါ။

(ဂ) ကျနော်တို့တိုက်ပိုင်ရှင်က ဟိုလူတွေမို့ သူတို့ကိုထိခိုက်တဲ့စာတွေ ကျနော်တို့မသုံးဖြစ်ပါဘူး။

၂။ အဆိုပါတုန့်ပြန်ချက်တို့ကိုကြားရသော၊ကျနော်သည် အနုပညာသက်သက်ဖန်တီးသွားကြသောခေတ်အဆက်ဆက်က အနုပညာ ရှင်ကြီးများ၏မျက်နှာကို ကွက်ကနဲပြေးမြင်မိလေသည်။

-ဒီဇာတ်လမ်းလေးကို ဒီလိုလေးရိုက်ပါဟု ငွေရှင်၏သွန်သင်မှုခံရသော ဒါရိုက်တာ၊

-ဇာတ်သိမ်းလေးကို ဒီလိုလေးသိမ်းလိုက်ရင် စာဖတ်သူအကြိုက်ပဲဆရာဟု စာပေတိုက်ပိုက်ရှင်၏ပဲ့ပြင်ထိန်းသိမ်းခံရသော စာရေးဆရာ၊

-မိန်းမပုံတွေချည်းရေးရင် ဆရာပန်းချီကားတွေအရောင်းသွက်မယ်ဆရာဟု ပန်းချီကုန်သည်၏လမ်းညွန်မှုအပေးခံရသော ပန်းချီဆရာ၊

စသည်စသည်တို့ များစွာရှိခဲ့ပေလိမ့်မည်။ကျနော်လိုငပါမွှားပင်လျှင်ဤသို့ခံစားရလျှင် အနုပညာရှင်ရင့်မကြီးတို့မည်မျှသောကကြီး၊ အထီးကျန်ခဲ့ကြလေသနည်း။

၃။ “ကျွဲချိုကိုနို့ညှစ်သော၊ဝါဂွမ်းကိုမီးခတ်သော၊ယောက်ျား၏လုံ့လသည်အချည်းအနှီးသာတည်း”ဟုဓမ္မပဒကို ဆိုသည်။ငါ၏လုံ့လသည် အချည်းအနှီးဖြစ်နေပြီလောဟု ကြိမ်ဖန်များစွာဆန်းစစ်လာမိသည်။ သေချာလှသောအချက်ကား၊စားဝတ်နေမှုအထိုက် အလျောက် အဆင်ပြေသော ကျနော့်အနေဖြင့် ဆန်စင်ရာသို့ကျည်ပွေ့လိုက်ရန်မူ ဘယ်နံရောအခါမှ ဖြစ်လာလိမ့်မည်မဟုတ်ချေ။

၎။ ရသစာပေရေးသူသည် သူ၏နှလုံးသားအပေါ်သစ္စာရှိရန်လို၍ သုတစာပေရေးသူသည် သူ့ဦးနှောက်ပေါ်တွင် သစ္စာရှိရန်လိုသည်ဟု ဆရာအောင်သင်းမိန့်ကြားဖူးသည်။ သရော်စာရေးသူကား နှလုံးသားကော၊ဦးနှောက်အပေါ်တွင်ပါ သစ္စာရှိလိုသည်ဟု ကျနော်ယူဆသည်။

၅။ ကျနော်သည်စာရေးဆရာဖြစ်လိုသူဖြစ်၍ဖော်ကောင်စာရင်းဝင်လိုသူ မဟုတ်ချေ။စာပေအနုပညာကိုဖန်တီးလိုသူသာဖြစ်၍ စာပေ ဈေးသည်မဟုတ်ချေ။ထိုထိုသောအကြောင်းတို့ကြောင့် ရေးသားပြီးစီးသည့်စာသုံးလေးပုဒ်ကိုဖော်ပြပြီးလျှင်၊ ကျနော်၏စာရေးနေသော အဟုန်ကိုလျော့ချပြီး ခေတ္တနားလိုပါသည်။သက်ခိုင်(၂)လုံးချင်းဝတ္ထုအချိန်မီထွက်ရှိလာရန်လည်းအချိန်ပေးရပါဦးမည်။ စာပေရေးသား ခြင်းအလုပ်ကိုမူ စွန့်လွှတ်မည်မဟုတ်ကြောင်းလည်း အသိပေးလိုပါသည်။

ချမ်းသာကိုယ်စိတ်မြဲပါစေ။
ခင်မင်လေးစားမှုများဖြင့်

မင်းဒင်
ဖူးခက်ကျွန်း။
ထိုင်းနိုင်ငံတောင်ပိုင်း
၂၀၁၄။စက်တင်ဘာ(၄)ရက်

ရုပ်ပုံ။ ။ဂူဂဲလ်

Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...