Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

သြော် ။ ဗိုလ်ချုပ်တို့က ဗမာပြည်ရဲ့ခေတ်သစ်ကိုထူထောင်မတဲ့လား

$
0
0

သြော်။ ဗိုလ်ချုပ်တို့က ဗမာပြည်ရဲ့ခေတ်သစ်ကိုထူထောင်မတဲ့လား။ ။
(မင်းဒင်)

၁။ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ ဘဏ်စနစ်ခေတ်မီရေးဟာ အသက်တမျှအရေးကြီးပါတယ်။ဗမာပြည်မှာ ထိန်းမရ သိမ်းမရဖြစ် နေတဲ့အိမ်မြေဈေးအဆမတန်ကြီးမြင့်နေခြင်းဟာ ဘဏ်စနစ်ဖရိုဖရဲဖြစ်နေခြင်းမှာအရင်းခံပါတယ်။ကျနော်သိသမျှ အိမ်မြေဈေး ကွက်မှာ ခြယ်လှယ်နေတဲ့ဗမာသူဌေးတွေကတော့

(က)ငွေမဲတွေကို အိမ်မြေဈေးကွက်မှာခဝါချတယ်။

(ခ)မြေကွက်ဝယ်လိုက်၊ဘဏ်မှာအပေါင်ထားငွေထုတ်လိုက်၊မြေကွက်သစ်ထပ်ဝယ်လိုက် နဲ့အလုပ် ဖြစ်နေကြတာပါပဲ။ အချိန်တိုအတွင်း မှာ အဆမတန်ဈေးမြင့်လာတာကြောင့် ဂျာအေးသူ့အမေရိုက်တဲ့ဇာတ်လမ်းဖြစ်လာပါတယ်။သိန်းတစ်သောင်းတန်တဲ့မြေကွက်ကိုဝယ်ပြီး ဘဏ်မှာ ခုနစ်ထောင်နဲ့ပေါင်တယ်။ တနှစ်ကြာတော့ မြေကွက်ဈေးက နှစ်သောင်းဖြစ် လာတယ်။ဘဏ်မှာချေးငွေပြန်တင်တော့ တစ် သောင်းလေးထောင်ရတယ်။ဆက်ဝယ်ဆက်မြတ်၊ အမြတ်သံသရာလည်ပြီးဆင်းရဲသားတွေ၊နေစရာတဲစုတ်မရှိလောက်အောင် ငုတ်တုတ် မေ့ကုန်တော့တာပါပဲ။

၂။ ဗမာဘဏ်သူဌေးတွေတည်ထောင်ထားတဲ့ ဗမာဘဏ်တွေမှာ ဘဏ်လုပ်ငန်းကျွမ်းကျင်တဲ့ ပညာရှင်ဘယ်နှစ်ယောက်များရှိပါလိမ့်။ ဘဏ်အများစုဟာအငြိမ်းစားဘဏ်အရာရှိဟောင်းများနဲ့ ကျားကန်ထားကြပုံရပါတယ်။ခေတ်ဆိုးခေတ်ကြပ်ကြီးထဲမှာ ကြိုးနီစနစ်နဲ့ ခေါက်ရိုးကျိုးခဲ့တဲ့ အစိုးရဝန်ထမ်းဟောင်း ဘဏ်အရာရှိတွေဟာ အခုလို ခေတ်ပြောင်းချိန်မှာ တကယ်တမ်းအသုံးတည့်ပါ့မလား။

၃။ တကယ်တော့ နိုင်ငံတစ်ကာအဆင့်မီ ပညာရှင်တွေခန့်ထားတယ်ဆိုရင်တောင် မပြည့်စုံသေးပါဘူး။ လွတ်လပ်စွာ ဆင်ခြင်ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ အတွေ့အကြုံတွေအများကြီးလိုပါတယ်။ဆိုလိုချင်တာက ဘဏ်လုပ်ငန်းပညာရပ်မှာ ထိပ်ထိပ်ကြဲထူးချွန်ပြောင်မြောက်လှ ပါချည့်ရဲ့ ဆိုတဲ့၊နိုင်ငံတကာအဆင့်မီဘဏ်ပညာရှင်တွေတောင် နေ့စဉ်ဘဝမှာနာရီပိုင်းနဲ့အမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေ ရလို့ ပါပဲ။

၎။  လာအပ်တဲ့ငွေလေးလက်ခံလိုက်၊ပြန်ထုတ်ပေးလိုက်၊ငွေထုတ်ချေးလိုက်၊အတိုးလေးယူလိုက် ဆိုတဲ့အလုပ်မျိုးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက် ချစ်တီးတွေတောင်လုပ်တတ်ပါတယ်။

၅။ ဘဏ်ဝန်ထမ်းဟောင်းအရာရှိတွေကို အထင်အမြင်သေးခြင်းမဟုတ်ရပါဘူး။ သူတို့ဟာ ခြေစွမ်းရှိသလောက်၊ ကစားနိုင်တဲ့အခြေ အနေရှိရဲ့လား။ ထားစရာမရှိတဲ့သူဌေးတွေထင်ရာစိုင်းနေတာ၊ငွေမဲကိုငွေဖြူလုပ်တာလောက်ကိုသာ၊ လုပ်ထုံးလုပ်နည်းနဲ့ညီအောင်  လူမိုက်အားပေး လုပ် နေကြရသလား။ဘဏ်စနစ်ရဲ့အရေး ကြီးပုံကိုတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူတွေ တကယ်တမ်း သိနားလည်ကြ ရဲ့လား။ နိုင်ငံတကာ ချေးငွေ အတိုးနှုန်းကိုတောင် နားလည်ကြ ရဲ့လား။သိချင်စမ်းပါဘိ။

Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...