Quantcast
Channel: .
Viewing all articles
Browse latest Browse all 346

ရွေးပွဲနှင့်ရွေးလမ်း

$
0
0

၂၇သြဂုတ် ၂၀၁၅နေ့ထုတ် သည်ဗွိုက်ဒေးလီးနေ့စဉ်ထုတ်၊
သတင်းစာမှ။ ။

ရွေးပွဲနှင့်ရွေးလမ်း
(မင်းဒင်)

(၁)တိုက်မောင်းသံညံပြီ

လာမည့်နိုဝင်ဘာ(၈)ရက်နေ့တွင်၊အထွေထွေရွေးကောက်ပွဲကြီး
ကျင်းပပေတော့မည်။ရက်အားဖြင့်တိကျစွာတွက်စစ်လျှင်(၇၀)ရက်
မျှသာလိုတော့သည်ဖြစ်၍အလွန်တရာအချိန်နီးကပ်နေပြီဟုဆိုနိုင်သည်။
လွန်ခဲ့သောငါးနှစ်တာကာလသည်၊ဒီမိုကရေစီခေတ်ဆီသို့
ကူးပြောင်းခဲ့ပြီဆိုသော်ငြား၊ထူးမခြားနားလှသည့်နိုင်ငံ့အရေးအရာ
မျက်နှာစာအသီးသီးတွင်၊သိသာထင်ရှားသောအပြောင်းအလဲ၊
အလွန်တရာအတွေ့နည်းလှသည်ဖြစ်၍၊ပြည်သူအများစုမှာ
ယင်းကာလကိုရွှေရည်စိမ်ဒီမိုကရေစီ၊ဦးဖိုးချမ်းဒီမိုကရေစီ
သမယဟုသာသဘောပိုက်ခဲ့ကြသည်။

ထို့ကြောင့်လာမည့်ရွေးကောက်ပွဲတွင်ဒီမိုကရေစီဇမ္ဗူရစ်ကို
မျှော်လင့်ကြလေသည့်၊မြန်မာလူထုအဖို့၊စိတ်မကြေပွဲမာန်ချီ
အဖြစ်၊တခဲနက်မဲပေးကြရန်၊အသင့်ရှိနေကြလေပြီ။
မဲဆွယ်စည်းရုံးသံတို့ဆူညံကျယ်လောင်စွာကြားလာရပြီမို့၊စိတ်လှုပ်ရှားဖွယ်အတိပြီးသည့် ရင်ခုန်ရသောကာလပေတည်း။

မဲပေးခွင့်ရှိသူမဲ ဆန္ဒရှင်အများဆုံးဆန္ဒမဲပေးကြမည့်ပွဲကြီးပွဲကောင်း တစ်ခုဖြစ်မည်ဟုလည်းအလွယ်တကူခန့်မှန်းနိုင်သည်။

ဆိုရှယ်မီဒီယာကွန်ယက်များတွင်မြင်တွေ့နေရသော၊
လှုပ်ရှားမှုပုံရိပ်များအရလူထုထောက်ခံမှုအကြီးအကျယ်ရနေသော
အတိုက်အခံပါတီကြီး၏စည်းရုံးရေးခရီးစဉ်များမှ
ထွက်ပေါ်လာသည့်တိုက်မောင်း သံတညံညံသည်၊ လက်ရှိအာဏာရပါတီအား၊ဖြတ်ပိုင်းလှီးချအောင်ပွဲခံနိုင်ရန်
အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိနေလေပြီ။

မည်သို့ပင်ဖြစ်စေ၊မြန်မာနိုင်ငံသားအားလုံးအနေဖြင့်၊
အဆိုပါရွေးကောက်ပွဲမှတ်တိုင် အား၊မကြာမီကာလတွင်၊ မလွဲမသွေကျော်ဖြတ်ကြရမည်သာဖြစ်သည်။

(၂)တရားမျှတ၊လွတ်လပ်ခြင်းနှင့်သွေမသွေ၊

ရွေးကောက်ပွဲဥက္ကဋ္ဌကမူ လွတ်လပ်မျှတသောရွေးကောက်ပွဲပြုလုပ်၍ သမိုင်းတွင်အောင်လုပ်မည်ဟုဆို သည်။
ထို့အတူကြံ့ခိုင်ရေးပါတီအနေဖြင့်ရွေးကောက်ပွဲအောင်နိုင်ရေးကို
ဂုဏ်သိက္ခာနှင့်မလဲနိုင်ကြောင်းအသံကောင်းဟစ်နေသည်
ကိုလည်းကြားသိရပါ၏။အလွန်နားထောင်၍ကောင်းပါသည်။

သို့သော်..၊ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်၊
အာဏာရပါတီ၏ပါတီဝင်ဖြစ်နေခဲ့ခြင်း၊မဲစာရင်းပြုစုထုတ်ပြန်ရာတွင်၊
ဆိုးရွားလှသည့်အမှားအယွင်းများ၊ရွေးကောက်ပွဲကော်မရှင်၏
သံသယဖြစ်ဖွယ်၊ကမောက်ကမလုပ်ရပ်နှင့်ခံယူချက်များကြောင့်၊
တရားမျှတသည့်ရွေးကောက်ပွဲဖြစ်မဖြစ်မှာမူ၊လွန်စွာစိုးရိမ်ရသည့်
အခြေအနေမှာပင်ရှိနေဆဲဖြစ်သည်။

အဆိုပါရွေးကောက်ပွဲကိုနိုင်ငံတကာနှင့်ပြည်တွင်း
အဖွဲ့အစည်းများမှစောင့်ကြည့်လေ့လာကြမည်ဖြစ်ပြီး၊ ယခုအခါကာတာစင်တာနှင့်အီးယူဥရောပသမဂ္ဂတို့
လက်မှတ်ရေးထိုးခဲ့ကြပြီးပြီဟုလည်းသတင်းများတွင်
 ဖော်ပြသည်။ထိုသို့စောင့်ကြည့်လေ့လာနေမှုများကြောင့်
လာမည့်ရွေးကောက်ပွဲအပေါ်နိုင်ငံတကာ နှင့်မြန်မာလူထု
အယုံအကြည်တိုးလာမည်ဟုမျှော်လင့်ယုံကြည်သူတချို့လည်းရှိနေသည်။

လာမည့်ရွေးကောက်ပွဲတွင်မဲရုံပေါင်းလေးသောင်းရှိမည်ဖြစ်ရာ
၊စောင့်ကြည့်လေ့လာသောအဖွဲ့များအနေဖြင့်
မည်သည့်နည်းစနစ်များနှင့်လေ့လာစောင့်ကြည့်မည်ကိုမူ၊
သဲကွဲခြင်းမရှိသေးချေ။

ထိရောက်ခိုင်မာသောနိုင်ငံတကာစောင့်ကြည့်မှု၊ပြည်သူလူထု၏
ပူးပေါင်းပါဝင်မှု၊ရွေးကောက်ပွဲကော်မ ရှင်နှင့်ရွေးကောက်ပွဲ ဥပဒေများအတိုင်းတိကျစွာလိုက်နာလျက်၊လွတ်လပ်၍
တရားမျှတသောရွေးကောက်ပွဲသာဖြစ်ခဲ့ပါမူ၊
အတိုက်အခံပါတီကြီးအနေဖြင့်အောင်စည်ရွမ်းနိုင်မည်မှာ
၊မြေကြီးလက်ခတ်မလွဲသေချာလှသည်။

(၃)ရိုင်းခဲ့လေသည့်အတိတ်သမိုင်း

မြန်မာနိုင်ငံတွင်ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ပွဲများ
ဆိတ်သုဉ်းခဲ့သည်မှာ၊(၁၉၆၂)ခုနှစ်၊တော်လှန်ရေးအစိုးရ
အာဏာသိမ်းပြီးချိန်မှစတင်ခဲ့သည်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
ပါတီခေတ်တစ်လျှောက်လုံး တွင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၊ ဆန္ဒခံယူပွဲတိုင်းလိုလိုမှာတပါတီ၊ဗဟိုရ်ဦးစီးစနစ်ကို
အခြေခံသည်ဖြစ်၍၊အများပြည်သူ၏ဆန္ဒ နှင့်လုံးလုံးလျားလျား
ကင်းကွာခဲ့သည်။

ထို့ပြင်(၁၉၈၈)ခုနှစ်မှ(၂၀၁၀)ခုနှစ်တိုင်အောင်၊စစ်တပ်မှသာ၊
အာဏာကိုသိမ်းယူချုပ်ကိုင်ထားခဲ့ရာမြန်မာလူထုသည်
ဒီမိုကရေစီအိပ်မက်ကိုနှစ်ပေါင်းငါးဆယ်ကျော်မက်ခွင့်မရခဲ့ကြချေ။

(၁၉၉၀)ခုနှစ်တွင်စစ်အစိုးရတာဝန်ယူကျင်းပပေးခဲ့သောရွေးကောက်ပွဲ
တစ်ရပ်ရှိခဲ့ဖူးလေရာ၊အဆိုပါ ရွေးကောက်ပွဲတွင်
အတိုက်အခံအန်အယ်လ်ဒီပါတီအပြတ်အသတ်အနိုင်ရပါလျက်၊
အာဏာလွှဲပြောင်းပေးခြင်းမရှိပဲ၊ကမ္ဘာ့သမိုင်း၏အရိုင်းဆုံးသော
ရွေးကောက်ပွဲအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

(၂၀၁၀)ရွေးကောက်ပွဲတွင်၊ကြံ့ခိုင်ရေးပါတီအနိုင်ရသည်ဆိုကာ
အမည်ခံဒီမိုကရေစီအစိုးရအဖွဲ့ကိုဖွဲ့ခဲ့ကြ၏။

သို့သော်ထိုသို့အနိုင်ရခဲ့ခြင်းမှာမသမာနည်းမျိုးစုံကို
သုံးခဲ့ခြင်းကြောင့်သာဖြစ်ကြောင်းနေရာအနှံ့မှစွပ်စွဲချက်များ
ထွက်ပေါ်ခဲ့ပြီး၊ထိုစွပ်စွဲချက်များအတွက်
မငြင်းကွယ်နိုင်သော၊ဖြစ်ရပ်သာဓကများစွာလည်းရှိနေခဲ့သည်။

ကြံ့ခိုင်ရေးပါတီ၏ရွေးကောက်ပွဲအနိုင်စာရင်းသည်
ရိုးသားမှုလုံးဝမရှိသောကြိုတင်မဲများဖြင့်အားပြုကျားကန်
ထွက်ပေါ်လာခဲ့ခြင်းသာဖြစ်၍တိကျစွာဆိုရင်လျှင်
မသမာသောနည်းလမ်းများဖြင့်အနိုင်ရခဲ့ခြင်းသာဖြစ်လေသည်။

(၂၀၁၂)ကြားဖြတ်ရွေးကောက်ပွဲတွင်အန်အယ်လ်ဒီတောင်ပြို
ကမ်းပြိုအနိုင်ရခဲ့ခြင်းမှာကား၊အာဏာကိုမထိခိုက်နိုင်သည့်
မဆိုစလောက်သောအမတ်အရေအတွက်အလို့ငှာဖြစ်ပြီး၊
အာဏာရပါတီကဟပေးထားသောအဟမျှသာဖြစ်၍၊
လွတ်လပ်မျှတသည်ဟူသောရွေးကောက်ပွဲစာရင်းတွင်ထွေထူး
ထည့်သွင်းအသိအမှတ်ပြုရန်မလိုအပ်ချေ။

 (၄)အချည်းအနှီးဖြစ်ခဲ့ရသောငါးနှစ်တာ

မည်သို့သောနောက်ခံအကြောင်းတရားတို့ရှိခဲ့သည်ဖြစ်စေ၊
ဒီမိုကရေစီရေကြည်တစ်ပေါက်ကိုငတ်မွတ် တောင့်တခဲ့ကြသည့်မြန်မာ
လူထုသည်၊လက်ရှိအစိုးရတက်လာခါစကာလတွင်၊
အကောင်းမြင်ကြိုဆိုခဲ့ ကြသည် ။

။နိုင်ငံတကာ၏မျက်နှာသာပေးမှု၊ကြွေးမြီဝန်ထုတ်
ဝန်ပိုးများလျှော့ချပေးမှု၊နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများအလုံးအရင်းနှင့်
ဝင်ရောက်လာရန်အခွင့်သာမှုစသောအခြေအနေကောင်းများနှင့်ကြုံတွေ့
ခဲ့ရ လင့်ကစား၊လက်ရှိအစိုးရသည်အခွင့်ကောင်းကို အသုံးမချနိုင်ခဲ့ချေ။

ကိုယ်ကျိုးအတ္တကိုဖယ်ခွာ၍နိုင်ငံ နှင့်လူမျိုး၏အနာဂတ်ကောင်းကို
မရွေးချယ်ပဲ၊မျက်ကွယ်ပြုခဲ့သည်။

ထို့ကြောင့်ပင်တတိုင်းပြည်လုံး၏စီးပွားရေး၊နိုင်ငံတကာဆက်ဆံရေး၊
အများပြည်သူစားဝတ်နေမှုချောင်လည်ရေးတို့ကို၊
စည်ပင်ဖွံ့ဖြိုးအောင်မဆောင်ရွက်နိုင်ရုံမျှမက၊ကိုယ်ကျိုးရှာ
မသမာမှုသံသရာတွင်သာ၊တဝဲဝဲလည်နေဆဲဖြစ်သည်။

အထူးသဖြင့်ရန်ကုန်တိုင်းဝန်ကြီးချုပ်၏လုပ်ထုံးလုပ်နည်းနှင့်
မညီသောမြို့သစ်ချဲ့ထွင်မှု၊ကမ္ဘာကျော်မူးယစ်ဆေးဝါးမှုပိုင်ရှင်မဲ့
ဖမ်းဆီးရမိမှုကဲ့သို့သောဖြစ်ရပ်များသည်၊
အာဏာရှင်စရိုက်အပြည့်ရှိနေကြောင်း၊တရားဥပဒေစိုးမိုးမှုကင်းမဲ့လျက်ရှိကြောင်း၊၊မြင်သာသောသာဓကများဖြစ်၏။

တုန်လှုပ်ခြောက်ခြားသွေးပျက်ထိတ်လန့်ဖွယ်ဥပဒေမဲ့လုပ်ဆောင်
ကျူးလွန်ခဲ့မှုအများအပြားကို၊မိမိတို့ ကိုယ်ကျိုးအလို့ငှာ ကာကွယ်လျက်၊ကိုယ်ကျိုးအတွက်အခွင့်အရေးမှန်သမျှ
လက်တစ်ဆုံးနှိုက်ရန်ပါရည်ရွယ်လာသည်ကို
အထင်အရှားတွေ့မြင်နေရသည်။

အစိုးရအဖွဲ့တာဝန်ရှိသူတို့သည်၊လွန်လေပြီးသောကာလက
အမှားများကိုပြင်ဆင်ရန်၊အချိန်လုံလောက်စွာ
ရခဲ့ကြပါလျက်ပြန်လည်တည့်မတ်ရန်အားမထုတ်ခဲ့ကြချေ။

အာဏာရှင်စနစ်ကိုဆက်လက်ဖက်တွယ် ကာ၊ ဘယ်တော့မှနေမဝင်၊မပြိုလဲနိုင်သောကျောက်ဆောင်များဟု
ကိုယ့်ကိုယ်ကိုအထင်ရောက်ခဲ့ကြ သည်။

လူရိုးလူကောင်းဟုအများမြင်ခဲ့သော၊မရဲပဲကျွဲပြဲစီးခဲ့သည့်
သမ္မတကြီးပင်လျှင်ရွေးကောက်ပွဲနီးကပ်လာချိန်တွင်၊
သိက္ခာပုံရိပ်ကျသထက်ကျလာနေသည်မှာအထင်အရှားဖြစ်သည်။

(၅)သန်းကောင်ယံအာဏာလုပွဲ

မကြာသေးမီ ရက်ပိုင်းများကဖြစ်ပေါ်ခဲ့သော၊ အာဏာရပါတီ၏အကွဲအပြဲဇာတ်လမ်းမှာ၊ယင်းပါတီ၏ ဝါးအစည်းပြေနေသောအတွင်းသရုပ်ကိုဖော်ပြနေသည်။

ကိုယ်ကျိုးစီးပွားကိုကာကွယ်ရင်း၊ဒီမိုကရေစီအ ရွေ့ကိုဖော်ဆောင်
လိုသောအုပ်စုကတစ်ဖက်၊ဒီမိုကရေစီအရည်ခြုံထားသော
အာဏာရှင်စနစ်ဖြင့်ကိုယ်ကျိုးသက်သက်ရှာလိုသူများကတစ်ဖက်
လွန်ဆွဲအားပြိုင်ခဲ့ကြခြင်းဖြစ်သည်။ယင်းနှစ်ဖက်ကြားတွင်၊မြန်မာ
စစ်ခေါင်းဆောင်တို့၊မည်သို့ရပ်တည်ရမည်ကို
မဝေခွဲနိုင်ပဲဗျာများလျက်ရှိသည်။

အာဏာရပါတီ၏အတွင်းစည်းအကွဲအပြဲကြောင့်၊
လူထုယုံကြည်မှုပိုမိုကျဆင်းလျက်ရှိကာ၊သွေးရိုးသားရိုးလွတ်လပ်မျှတသောရွေးကောက်ပွဲသာဖြစ်ပါမူ၊အနိုင်ရရန်လမ်းမမြင်ချေ။ယင်းတို့၏ထွက်ပေါက်မှာတစ်နည်းသာကျန်တော့၏။
အဆိုပါနည်းကား၊(၂၀၁၀)ရွေးကောက်ပွဲတွင်၊
၎င်းတို့ကိုင်စွဲခဲ့သည့်နည်းနာအတိုင်း၊မသမာမှု၊မလျော်သြ ဇာ၊မက်လုံး၊ စသည့်လောကပါလတရားနှင့်မညီသောနည်းလမ်းများကို
သုံးရန်သာရှိသည်။လူမျိုးရေးဘာသာရေးအဓိကရုဏ်များဖန်တီးကာ
၊နိုင်ငံနှင့်အဝှမ်းမငြိမ်သက်အောင်ဖန်တီးလျက်၊
အနိုင်ရလျှင်ပြီးစတမ်း၊အစွမ်းကုန်လှည့်ဖျားကြရန်သာဖြစ်သည်။

ထိုရွေးလမ်းသည်သူတို့၏လမ်းဆုံးမှတ်တိုင်လည်းဖြစ်နိုင်သည်။

(၆)တပ်၏လားရာ

မြန်မာစစ်တပ်၏ခံယူချက်နှင့်လားရာသည်မရှိမကောင်းရှိမကောင်း၊
မပေါင်းလည်းခက်ပေါင်းလည်းခက်ဟူသောဆိုရိုးကို
သတိရစရာကောင်းပါ၏။နိုင်ငံတော်ကာကွယ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး
 ဖော် ဆောင်မှုတို့တွင်၊အရည်အသွေးကင်းမဲ့သောမြန်မာ့တပ်မတော်သည်၊
အာဏာနိုင်ငံရေးတွင်မူ
၊နှစ်ပေါင်းငါးဆယ်ကျော်ခွေးလှေးပျားတောနှံ့၊နေရာတိုင်းမှာ
သူ့မျက်နှာဖြစ်နေခဲ့သည်။

အထူးသဖြင့်(၁၉၈၈)ခုနှစ်၏နောက်ပိုင်းကာလများမှစတင်၍
၊ပြည်သူလူထု၏ထောက်ခံမှုစတင်ကျဆင်းခဲ့ရာ၊
လက်ရှိအချိန်တွင်အဆိုးရွားဆုံးအနေအထားသို့ရောက်ရှိနေလေပြီ။

လွှတ်တော်အတွင်းသို့ရောက်ရှိနေသည့်၊တပ်မတော်ကိုယ်စားလှယ်
(၂၅%)ကိုတဖြည်းဖြည်းချင်းလျှော့ ချရမည့်အစား၊ မရှိမဖြစ်မိုးကျရွှေကိုယ်များအဖြစ်သာခံယူဆဲဖြစ်၍၊ဒီမိုကရေစီ
စနစ်ဖော်ဆောင်ရေးတွင်၊အင်အားတစ်ရပ်ဖြစ်ရမည့်အချိန်တွင်၊
ဆူးညှောင့်ခလုပ်အဖြစ်၊ဆက်လက်တည်ရှိနေသည်မှာ၊
တိုင်းပြည်ရောလူမျိုးအ တွက်ပါဝမ်းနည်းဖွယ်ကောင်းလှသည်။

စစ်တပ်အနေဖြင့်ကြံ့ခိုင်ရေးပါတီနှင့်ခံယူချက်သဘောထား
တသားတည်းရှိနေခြင်း၊နိုင်ငံပိုင်ဘဏ္ဍာ ငွေ အမြောက်အမြားသုံးစွဲကာ၊လူထုသတင်းကွန်ယက်များမှနေ၍၊အတိုက်အခံအင်အားစု တို့အား အပုပ် ချတိုက်ခိုက်နေခြင်း၊ လာလတ္တံ့သောရွေးကောက်ပွဲတွင်၊ယူနီဖောင်းချွတ်စစ်ဗိုလ်များ၊
အင်အားအလုံးအရင်းဖြင့်ပါဝင်ရန်စိုင်းပြင်းနေမှုများမှာ၊
ကိုယ်ကျင့်တရားကင်းမဲ့ကာရုပ်ပျက်ဆင်းပျက်နိုင်လှသည်။

အထူးသဖြင့်အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ကန့်လန့်ကာနောက်ကွယ်မှ
ကြိုးကိုင်နေမှုများကိုယနေ့တိုင် လွန်ဆန်နိုင်ခြင်းမရှိသေးချေ။

ထိုပုဂ္ဂိုလ်၏အကြီးမားဆုံးအရည်အချင်းမှာ၊တနိုင်ငံလုံးတွင်ရှိရှိသမျှ ကြွယ်ဝချမ်းသာမှုတို့ကို၊စစ်ဗိုလ်ချုပ်၏ကိုယ်ပိုင်ဘဏ္ဍာအဖြစ်ပြောင်းလဲ
ခွင့်ပေးခြင်းဖြင့်၊မိမိ၏သြဇာ၊အာ ဏာစက်ကို၊အခိုင်အမာ ထူထောင်ထားနိုင်ခဲ့ခြင်းသာဖြစ်သည်။

ထိုသို့သောအကြောင်းများကြောင့်၊မြန်မာ့တပ်မတော်သည်
လာမည့်ရွေးကောက်ပွဲတွင်၊ဒီမိုကရေစီရေး အတွက်ယုံကြည်အားထားလောက်သည့်အခြေအနေတွင်
မရှိကြောင်းပေါ်လွင်ထင်ရှားနေသည်။

(၇)ဖြစ်လာသမျှပျက်ရမည်မှာဓမ္မတာတည်း

သမ္မတကြီးနှင့်တကွ၊အစိုးရအဖွဲ့ဝင်များ၊စစ်ဗိုလ်ချုပ်မျိုးဆက်များသည်၊
စက္ကန့်၊မိနစ်နှင့်အမျှပြောင်းလဲနေသောခေတ်ကြီးကို
မီအောင်ကြည့်နိုင်မြင်နိုင်စွမ်းမရှိကြယောင်တကား။

(၂၀၁၅)သည်(၁၉၈၈)မဟုတ်၊(၂၀၁၀)မဟုတ်။အထိုက်အလျောက်
ပွင့်လင်းမြင်သာခဲ့သော၊သတင်းကွန်ယက်များ၊ဆက်သွယ်ရေး
နည်းစနစ်များကြောင့်၊အာဏာရှင်တို့၏အတွင်းသရုပ်ကို
အများပြည်သူတို့၊မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြပြီးလေပြီ။

။ရှေ့ကဖုံး၊နောက်ကပေါ်၊ပေါ်သည်ကိုထပ်ဖုံးရင်း
လုံးခြာလည်နေကြလေပြီ။
ရွေးကောက်ပွဲတွင်လူထုနှင့်နိုင်ငံတကာစောင့်ကြည့်လေ့လာ
သူများကိုဗြောင်လိမ်နိုင်သည်ထားဘိဦး။
ကြွေးမြီလျှော်ပေးခဲ့သည့်စာချုပ်များတွင်
တရားမျှတသောရွေးကောက်ပွဲမဖြစ်ပေါ်ခဲ့ပါက
၊နောက်ဆက်တွဲအဖြစ်မည်သို့သောဒဏ်ခတ်အရေးယူမှုများ၊
ချက်ချင်းထွက်ပေါ်လာနိုင်သည်ကို၊သာမန်လူပင်အလွယ်တကူခန့်မှန်းနိုင်သည်။

အဖက်ဖက်မှချွတ်ခြုံကျနေသောတိုင်းပြည်သည်၊နိုင်ငံတကာနှင့်
ချိတ်ဆက်မှုကင်းလျက်ယခုပုံစံအတိုင်းဆက်လက်ရပ်တည်ခြင်းငှာ
မစွမ်းနိုင်တော့။

စစ်တပ်အားကိုးဖြင့်အာဏာကိုမလွတ်စတမ်းဆက်လက်
ဆုပ်ကိုင်ထားမည်ဆိုပါက၊ထွက်ပေါက်ပိတ်ကာ
၊ပြေးစရာမြေမရှိသောမြန်မာလူထု၏
အမျက်ဒေါသသည်မြန်မာ့နွေဦးဆီသို့ဦးတည်သွားနိုင်လေသည်။

အချုပ်အားဖြင့်ဆိုရသော်လာမည့်ရွေးကောက်ပွဲလွန်သော်
ကျွန်ုပ်တို့သည်ဒီမိုကရေစီထွန်းလင်းသော
အနာဂတ်ကိုသော်လည်းရောက်ရှိကြမည်။

အမှောင်အတိဖုံးသောခေတ်ဆိုးကြီးကိုသော်လည်း
ဆက်လက်ကျော်ဖြတ်ကြရမည်။အလွန်ကံဆိုးလျှင်မူ
၊မြန်မာနိုင်ငံသည်သွေးထွက်သံယိုမကင်းသော
လူထုတော်လှန်ရေးကြီးတစ်ရပ်ကိုကျော်ဖြတ်ရမည့်
အခြေအနေမျိုးတွင်ရှိနေသည်။အကယ်၍သာကံကြမ္မာ၏
မျက်နှာသာပေးမှုကိုမရခဲ့ပါက၊ကိုယ့်ကိုယ်ကိုထင်တလုံးရှိနေဆဲ
အာဏာရှင်တို့ကံဆိုးမိုးမှောင်ကျကာ၊တရားခွင်နှင့်ကြိုးစင်တို့သည်၊
သူတို့အားအသင့်စောင့်ကြိုနေပေလိမ့်မည်။


Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...