Quantcast
Channel: .
Viewing all articles
Browse latest Browse all 346
↧

Article 0

$
0
0

ယနေ့ထုတ်ဆဲဗင်းဒေးဂျာနယ်
မင်းဒင်ရဲ့သက်ခိုင် (၂)



ကျနော်သူ့ကို အပြစ်မဆိုရက်ပါဘူး။ဂယောက်ဂယက်ခေတ်ကြီးထဲမှာ ကျနော်ထောက်ပံ့ခဲ့တဲ့ ဘတ်သုံးသောင်းဆိုတာ ဆင့်ပါးစပ်နှမ်းပက် သလိုဖြစ်ပေမပေါ့။တခုသတိထားမိတာက နှစ်နိုင်ငံ နယ်နမိတ်ချင်းကလည်း နီးကပ်နေ၊ စီးပွားရေးဖွံ့ဖြိုးမှုကလည်း မိုးနဲ့မြေလို ဖြစ်နေတာကြောင့် မြန်မာပြည်သားအများစုဟာ ရာဇဝင်ထဲကရန်သူ့နိုင်ငံကို တဝမ်းတခါးအလို့ငှာရောက်လာကြတော့တာပါပဲ။ ထိုင်းလူမျိုးတိုင်းဆိုးတယ်လို့တော့ ကျနော်မဆိုချင်ဘူး။ ခက်နေတာက သူတို့ကျောင်းသုံးစာအုပ်တွေထဲမှာ ပြဌာန်းထားတာကိုက ဗမာဟာ ထိုင်းနိုင်ငံကိုထင်တိုင်းကျဲခဲ့တဲ့ ရန်သူနိုင်ငံမို့ အမြင်ရှင်းဖို့တော့ တော်တော်ခက်တယ်ဗျာ။ နေဦးဗျ။ စကားမစပ် ထိုင်းရောက်ဗမာတွေ ပြောလေ့ပြောထရှိတဲ့သူဌေးဆိုတဲ့အသုံးအနှုံးက ကျနော့် နားထဲ အတော်ကို ကန့်လန့်ဖြစ်တယ်နေတယ်ဗျ။ အမှန်ပြောချင်တာက အလုပ်ရှင်၊ဆိုင်ရှင်ဆိုတဲ့သဘော။ အဲဒါကို ကျနော်တို့ ကိုရွှေဗမာများက ကျနော်တို့သူဌေး ကျနော်တို့သူဌေး ဆိုပြီး လုပ်ကြသဗျာ။လိုရင်းပြောရရင် ဗမာလို မုန့်ဟင်းခါး ထိုင်းလိုကွတ်တီယိုရောင်းတဲ့ ဆိုင်ရှင်ကိုလည်း ကျနော်တို့ရွှေဗမာများက သူဌေး စာရင်း သွင်းကြသဗျာ။ခင်ဗျားမြင်သာအောင် ပြောရရင် ဗမာပြည်မှာ လမ်းဘေးက ဝက်သားထုတ်ထိုးရောင်းတဲ့ ဆိုင်ရှင်ဆီမှာ လုပ်နေတဲ့ ဗမာအလုပ်သမားကလည်း သူ့ဆိုင်ရှင်ကို သူဌေးတဲ့။ ကျနော်သတိထားမိသလောက် ဒီစကားဟာ ဗမာစကားအသုံးနှုံးချို့တဲ့တဲ့ မွန်လူမျိုးအလုပ်သမားတွေက စတာဗျ။နောက်တချက်က ထိုင်းဖက်ကို ရောက်လာတဲ့ ဗမာအလုပ်သမားအများစုဟာ ပညာအခြေခံ အလွန်နည်းကြပါတယ်။ဇာတိမာန်တို့ဆွေဂုဏ်မျိုးဂုဏ်တို့ဆိုတာ နားလည်ဖို့ဝေလာဝေးပေါ့ဗျာ။
အေးဗျာ၊လောကကြီးအကြောင်းပြောရရင်ထူးဆန်းတာတွေအများကြီးပဲဗျ။ ကျနော့်ဖူးခက်မှာနည်းနည်းအခြေကျလာတော့ ဖူးခက်မှာ ရှိနေတဲ့ဗမာလူမျိုးတွေအကြောင်း တဖြည်းဖြည်းသိလာရသဗျာ။ ကျုပ်တို့တိုင်းပြည်အပြင်ဖက်ကို ရောက်နေကြရှာတဲ့ ဖူးခက်ရောက် တောသူတောင်သားတွေအကြောင်း ရေးပြရရင် ဝတ္ထုရှည်ကြီးတပုဒ်ဖြစ်လောက်ပါရဲ့။ သူတို့ခမျာ ရန်ကုန်မြို့ကြီး တောင်မရောက်ဖူး ကြပါပဲ ဖူးခက်ဆိုတဲ့ မြို့ကိုရောက်လာကြသဗျာ။ ကျနော်သတိပြုမိတဲ့အချက်ကတော့ သူတို့ဟာ အခြေခံမရှိသော ဗဟုသုတနဲ့ ခေတ်မီမြို့ကြီးကိုရောက်နေကြသူများပါပဲ။ ထင်ရှားတဲ့ ဥပမာတစ်ခုပေးပါ့မဗျာ။
လွန်ခဲ့တဲ့လေးငါးနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်ခင်ကာလပေါ့။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းကိုယ်တိုင်တောင်းဆိုနေတဲ့ကာလ။ ကျနော်လည်း အင်တာနက်က နောက်ဆုံးသတင်း ကြည့်ရင်း ဈေးဆိုင်ဆီရောက်သွားရောဆိုပါတော့။ ဒီမှာတင်ဈေးဝယ်တယောက်က အန်ကယ် ၊ ဒေါ်အောင်ဆန်းစုကြည်လွတ်သွားတာ သိပြီးပြီလားတဲ့။ကျနော့်စိတ်ထဲအတော် ဇဝေဇဝါဖြစ်သွားတာအမှန်ပါပဲ။ လွန်ခဲ့တဲ့ဆယ်မိနစ်ဝန်းကျင်ကမှ အင်တာနက်ရှေ့က ခွာခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာ ဟုတ်ပါ့မလားပေါ့။ တဖြည်းဖြည်းစဉ်းစားရင်း ကျနော်သိလိုက်ပါပြီ။ သတင်းသဘောအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကိုထုတ်ပြန်ရာမှာ လွန်ခဲ့သောကာလများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံရှေ့မှဟောပြောတဲ့ ပြကွက်တွေကို သူ့ခမျာ လတ်တလောပြကွက်တွေ လက်ရှိဖြစ်ရပ်တွေလို့ထင်နေရှာသကိုး။

နေဦးဗျ။ ဒီကလေးက မသိနားမလည်ရှာတာ။ သူ့ထက်ထူးခြားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့နယူးဒေလီ   တက္ကသိုလ်မှာ ဆုံဖူး ပါတယ် ဆိုတဲ့ ဖူးခက်က ဟင်နရီတိုးအောင်ဆိုတဲ့လူတယောက်အကြောင်း ကျနော်ပြောချင်သေးတယ်။နေဦးလေ။ ကျနော် ပြောသမျှ စွတ်မယုံနဲ့ဦး။ အခုကျနော်ပြောမှာက သူ ကျနော့်ကိုပြောသမျှ ပြောမှာ။ မှန်၏မမှန်၏ခင်ဗျားဖာသာစဉ်းစားရမှာ ၊ မပူပါနဲ့၊ သူ့ဘဝဇာတ်ကြောင်းကိုလည်း ကျနော့်ဖာသာစုံစမ်းထားတာ ရှိပါရဲ့။ဦးတိုးအောင်ဆိုတာ အသက်ခုနစ်ဆယ်ကျော်ပြီဗျ။ စာတော့ အလွန်ဖတ်တဲ့သူလို့ဆိုရမယ်။ ကျနော့်ဆီက နာမည်ကျော်စာအုပ်တွေလည်း သူငှားဖတ်တာ မနည်းလှဘူး။
သူပြောတာက သူနဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီတက္ကသိုလ်မှာ ဆုံခဲ့ကြဖူးလေသတဲ့။ ဟာ ကျနော်လည်း ခပ်တုံးတုံး ကောင်မှမဟုတ်တာ သူ့အသက်အရွယ်နဲ့ သူပြောနေတဲ့မှင်မှောင်းကောင်းကောင်းကြောင့် ရုတ်တရက်ခွန်းတုန့်မပြန်နိုင်တာတော့ ကျနော်ဝန်ခံပါတယ်။ မရိုသေ့စကား နယူးဒေလီတက္ကသိုလ်မှာမှာ သူနဲ့ဒေါ်အောင်ဆန်းစုကြည် တတန်းတည်းတက်နေတုန်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပါးကို ပုတ်ပြီးသူက နောက်ပြောင်ဖူးသတဲ့။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟဲ့ ဟင်နနီနေရာတကာ နောက်ပြောင်ရတာ မဟုတ်ဘူးဆိုသတဲ့။ ကျနော့်စိတ်ထဲမှာ ဒီလူပြောပုံ ဆိုပုံ တယ်မဟုတ်လှဘူးဆိုတာ သတိပြုမိပေမဲ့ သူ့ပြောပေါက်က အတည်ကြီးဖြစ်နေတာကြောင့် ကျုပ်မှာငြင်းရခက်နေပြန်ရောဗျာ။ ဖြစ်ချင်တော့ တခုသောနေ့မှာ ကျနော့်မွေးဇာတိ နတ်မောက်သားတယောက်က ကျနော့်ကို ထမင်းဖိတ်ကြွေးရာမှာ မစ္စတာဟင်နရီနဲ့ ထိပ်တိုက်တိုးပြန်ပါလေရောဗျာ။ ထမင်းဖိတ်ကျွေးတဲ့ကလေးက ကျနော်တို့ရွာနားက ဂွေးကုန်းသားဗျ။ ဇာတ်ပွဲတွေသွင်းတဲ့အချိန် ကျနော် တို့ရွာကနေ လင်းအားကြီး အချိန်ထွက်၊တောတွေတောင်တွေကိုကျော်ပြီး နေ့လည် ဆယ့်နှစ်နာရီလောက်မှ ရောက်တဲ့ ပွဲသွင်းတဲ့ ဂွေး ကုန်းပေါ့ဗျာ။ ကျနော်သေချာပြောနိုင်တာပေါ့။ ရှားရှားပါးပါး အနှစ်လေးဆယ်အတွင်း ရွာကို နှစ်ခေါက်သာ ရောက်ဖူးတဲ့ ကျနော်ဟာ တခေါက်သားမတော့ ရွာက ကြီးတော်အုပ်စု ပွဲကြည့်ချင်တယ်ဆိုတာနဲ့ ကျနော့်နောင်တော်နဲ့အတူပွဲလက်မှတ်ဝယ်ဖို့ မှိုက်ပင်ကနေ ဂွေးကုန်းကို ခြေလျင်တလှည့် ကုန်းကြောင်းတလှည့်ရောက်ဖူးကြောင်းပါဗျာ။အညာမှာမွေးပါလျက် တောနဲ့တောင်နဲ့စိမ်းခဲ့တဲ့ ကျနော်ဟာ မှိုက်ပင်ဂွေးကုန်းခရီးစဉ်မှာ တကယ့်ကို သဘာဝကျလှတဲ့ တောတောင်ရှုခင်းတွေကို အံ့မခန်းကြုံခဲ့ရသဗျာ။ စမ်းရေအိုင်တစ်ခုနား ကျနော်ခြေပစ်လက်ပစ်ထိုင်နေတုန်း ကျနော်လက်ထောက်ထားတဲ့နေရာကနေ မိချောင်းပေါက်စလို အကောင်တကောင် ထွက်လာတာနဲ့ အလန့်တကြား ထအော် တော့ ကျနော့်အကိုက အသံကျယ်ကြီးနဲ့ ရီပြီး အဲဒါ ဖွတ်ကွတဲ့။
ကျနော့်စိတ်ထဲမှာတော့ ဇာတ်ပွဲတပွဲကြည့်ရဖို့အရေး တမနက်ခရီးနှင်ရတဲ့အဖြစ်ကို အံ့သြလို့မဆုံးဘူးဗျာ။ နေဦး စကားစ ပြတ်သွား အုံးမယ်။ ကျနော်ပြောနေတဲ့ ဟင်နရီခေါ်ဦးတိုးအောင်ဟာ အဲဒီဂွေးကုန်းသား ဖိတ်တဲ့ ထမင်းဝိုင်းမှာ ထပ်ပြီး ဆုံမိကြပြန်သဗျ။ ခက်တာက ဒီလူ့ကြည့်ရတာ စိတ်မနှံ့တဲ့အမူအရာလည်း မတွေ့ရဘူးဗျာ။ သူက ထမင်းစားနေရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဘယ်လို ဘယ်ပုံ ရင်းနှီးတယ်။ ဘယ်ကျောင်းမှာ အတူတက်ခဲ့တယ်ဆိုတာတွေ စကားစလာပြန်ရောဗျာ။ ကျနော်ကတော့ သူပြောချင်ရာပြောပါစေ လို့သာ စိတ်ပိုင်းဖြတ်ပြီး သူပြောသမျှထိုင်နားထောင်နေရာကနေ သူက ဘာထပြောပြန်သလဲဆိုတော့ သူသာ အာဏာရရင် ဒီမိန်းမကို သတ်ပစ်ရမယ် တဲ့ဗျာ။ တကယ်တော့ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်သူမဟုတ်ပါဘူး။ သူလုပ်တဲ့အလုပ်မျိုးတော်ရုံ လူမလုပ်နိုင်တာ ကိုယ်ကျိုးစွန့်နိုင်တာတွေကို လေးစားရင်းစွဲရှိတာတော့အမှန်ပါ။ သူ့စကား အဲဒီနေရာလည်း ရောက်ရော ကျနော့် ဒေါသ အိုးဟာ ယမ်းပုံမီးကျပါတော့တယ်။
ခင်ဗျားဖာသာ ဘာကောင်ဖြစ်ဖြစ် ခင်ဗျား ပါးစပ်ကို ချက်ချင်းပိတ်စမ်းဗျာဆိုပြီး ပေါက်ကွဲပါလေရော။ဟင်နရီခေါ်ဦးတိုးအောင်ဟာ လူလုံး လူဖန်သေးလှသူတော့ မဟုတ်ဘူး။ အရပ်ငါးပေခွဲလောက်ပဲ။ အသက်ကတော့ ကျနော့်ထက် ဆယ်နှစ်ကျော်လောက် ကြီးမယ်ဗျ။ ကိုတိုးအောင် ဟာ ကျနော့်ဒေါသသံကြောင့် ရုတ်တရက် ငြိမ်သွားရှာသဗျာ။ရန်သူတော်နှစ်ယောက်ကို ထမင်းဖိတ်ကြွေးခဲ့တဲ့ ဝင်းနိုင်ဦးခမျာလည်း ဒါနကြောင်း ပျက်ရောဆိုပါတော့။ဘယ့်နှယ်ဗျာ။ မိန်းမတယောက်ကို ကွယ်ရာမှာ သတ်မယ်ဖြတ်မယ် ဆိုပြီး တောင်ပြောမြောက်ပြောလုပ်နေတာကို ကျနော် ဆက်နားမထောင်နိုင်ပါဘူး။ တကယ်တော့ အဲဒီနေ့က ကျနော်မှားတာဗျ။ ဦးတိုးအောင် ခေါ် ဟင်နရီဟာ ယဉ်ယဉ်လေးနဲ့ စိတ်ရောဂါရနေသူဆိုတာ နောက်ပိုင်းမှာ ကျနော်သိလာရလို့ပေါ့။ ဦးတိုးအောင်ပြောတဲ့ ဇာတ်လမ်းတွေကတော့ တော်ရုံလူကြားရင် ရူးလောက်ပါရဲ့ဗျာ။ ကျနော်ကြားဖူးသလောက်ပြောပါအုံးမယ်။
သူဟာ သီပေါဘုရင်နဲ့ ဇာတ်လမ်းရှိခဲ့တဲ့ဒိုင်းခင်ခင်နဲ့အမျိုးတော်တယ်လို့လဲ ဆိုသသဗျ။ မော်လမြိုင်မြို့က ဒိုင်းဝန်ကွင်းဆိုတာ သူ့အဖွား ဒိုင်းခင်ခင်ပိုင်တာတဲ့ခင်ဗျာ။တကယ့်ကို ရာဇဝင်အူပေါက်ရောမွှေပြီး ဆွေတော်မျိုးတော်ဇာတ်ခင်းတတ်တဲ့သူပါပဲဗျာ။ အရေးထဲ ခင်ဗျားက လူကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်နေပြန်ပါပြီ။ ကျနော်ပြောပြနေတာက သူ့ဆီက ကြားရသမျှ အကြောင်းတွေလေ။
သူ့အိမ်မှာ ကျားနှစ်ကောင်မွေးထားသတဲ့။ အခုသူ့ဇနီးထိုင်းအမျိုးသမီးဟာ ဖူးခက်ရဲ့အချမ်းသာဆုံးဆွေတော်မျိုးတော်တဲ့ဗျာ။သူဟာ ဗမာပြည်ကြီးလွတ်မြောက်စေချင်လွန်းလို့ ကိုယ်ပိုင်ဟယ်ရီကော်ပတာကိုမောင်းပြီး ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို အကျဉ်းထောင်ထဲမှာသွားတွေ့ဖူးသတဲ့။တိုင်းပြည်လွတ်လပ်ရေးအတွက် မင်းလက်နက်ဘယ်လောက်လိုသလဲ။ ငါပံ့ပိုးနိုင်တယ်ဆိုပဲ။ သူ့အပြောကတော့ ဒီကလေးက လက်နက်ကိုင်ပြီးတိုက်ပွဲဝင်မဲ့အစားထဲက မဟုတ်ဘူးတဲ့။အမယ် ဒါတင်ဘယ်ကပါ့မလဲ။ သူက ဗိုလ်ချုပ်မှူးကြီးမောင်အေးကို ကိုယ်တိုင်တွေ့ပြီး ကိုအေး၊ ခင်ဗျားငွေဘယ်လောက်လိုသလဲမေးဖူးသတဲ့ဗျာ။
ဦးတိုးအောင်အကြောင်းကို ကျနော်ပြောရင် ဂဘောက်တိဂတိချာဖြစ်နေမယ် ဒါကိုတော့ ခင်ဗျားနည်းနည်းသည်းခံပေတော့။ခက်တာက ကျနော်မလည်း မပတ်သက်ချင်ဘူးဆိုပါလျက် တဲ့တဲ့တိုးနေရတဲ့အဖြစ်ဗျ။ဗိုလ်တိုးပြောပေါက်ဆိုပေါက်ကို ကြည့်မရတာနဲ့ ကျနော်လည်း သူနဲ့ခပ်ကင်းကင်းနေလိုက်တဲ့အချိန်မှာ ကျနော့်ကို အားကိုးပြုပြီး တူလိုသားလို ခင်မင်နေတဲ့ မောင်မျိုးဝင်းဆိုတဲ့သူငယ်က အိမ်ထောင် ပြုဖို့ ကျနော့်ကို တိုင်ပင်သဗျ။ ဟ ကောင် သီးချိန်သီးပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားရှိသားပဲ။ မင်းအရွယ်က လေးဆယ်နားကပ်နေပြီမို့ ပွင့်ချိန်တောင်မဟုတ် ကြွေချိန်တောင်ရောက်နေပါပကော ဆိုပြီး ခပ်သောသောပြောမိတော့ အမယ်မင်း၊ သူယူမဲ့ မိန်းကလေးဟာ ဗိုလ် တိုးရဲ့သမီးဆိုပဲ။ဇာတ်ကတော့ အတော့်ကို ရှုပ်တယ်ဆိုရမဗျ။ကျနော့်စိတ်ထဲမှာ ဗိုလ်တိုးသမီးဆိုတာကိုကြား လိုက်ရတာနဲ့အတော့်ကို စိတ်ဝင်စားမိတာ တော့အမှန်ပဲ။ ဘယ့်နှယ့် အိမ်မှာဘင်္ဂလားကျားနှစ်ကောင်မွေးထားတဲ့ ထိုင်းဆွေကြီးမျိုးကြီးဗိုလ်တိုးအောင် သမီးနဲ့ ငါ့ကောင် လူရိုး မောင်မင်းကြီးသား မျိုးဝင်း ဘယ်လိုများဖူးစာဆုံကြပါ့ လိမ့်ပေါ့ဗျာ။
ကျနော်သေချာမေးမြန်းလေ့လာတော့မှ ဗိုလ်တိုးဟာ မီးရထားလက်မှတ်စစ်ဆိုပဲ။ တပည့်ကျော်မောင်မျိုးဝင်းရဲ့ ယောက်ခမအမ လောင်းကြီးက လည်း မှောင်ခိုခေတ်ကောင်းစဉ်က ဖလန်းဖလန်းထပြီး အချစ်ပန်းပွင့်လန်းလိုက်ပုံများ အိမ်ထောင် ခုနစ်ခါကျဆိုပဲဗျာ။ အနှီအိမ်ထောင်များထဲက စတုတ္ထမြောက်အိမ်ထောင်ဟာ ဗိုလ်တိုးပါပဲတဲ့ခင်ဗျား။နေဦးဗျ။ မျိုးဝင်း ကျနော့်ကို တိုင်ပင်တာက ငွေခန်း ကြေးခန်းမဟုတ်ရှာပါဘူး။သူ့မင်္ဂလာဆောင်ဖိတ်စာမှာ ဗိုလ်တိုးနာမည်ကို ထည့်ရေးမထည့်ရေး ကိစ္စဗျ။ ကျနော်လည်း သေချာ စဉ်းစား ကြည့်တော့ မျိုးဝင်းရဲ့ဇနီးလောင်းဟာ ဗိုလ်တိုးသမီးဆိုတာ ဖူးခက်ရောက် သူတို့ရွာသား တွေ အကုန်သိနေတာမို့ ထည့်သာထည့် လိုက်ပါကွာ မိဘနဲ့သားသမီး ဘယ်လိုတားတား အခြားမထင် ဆိုပြီး မဟာရွှေဥာဏ်တော်နဲ့ ဆုံး ဖြတ်လိုက်မိတာ ဘယ်လိုမှထင်မထားတဲ့ ဇာတ်ရှုပ်တခုကြုံရတော့တာပါပဲ။
မင်္ဂလာဆောင်ဖိတ်စာလည်း ဖတ်ပြီးရော ဗိုလ်တိုးဟာ အဲဒီမင်္ဂလာပွဲကို မပျက်ပျက်အောင် သူ့သြဇာအာဏာကိုသုံးပြီးဖျက်မယ်ဆိုတဲ့ ရာဇသံ ကျနော့်ဆီရောက်လာတော့တာပါပဲဗျာ။ အမှန်တော့ မျိုးဝင်းရဲ့ဇနီးလောင်း ဟာ ဗိုလ်တိုးသမီးဆိုတာ ရွာခံမြို့ခံတော်တော်များများ သိပြီးသားကိစ္စပါ။ ခက်တာက ဗိုလ်တိုးရဲ့ ရာဇသံကို မလွန်ဆံဝံ့ကြတာတော့အမှန်ပဲဗျ။ကျနော်ကတော့ ပေါက်တဲ့နဖူးမထူးတော့ဘူးဆိုပြီး ဗိုလ်တိုးမကလို့ ဗိုလ်တိုးအဖေလာပေ့စေ မင်္ဂလာပွဲတော့ မပျက်စေရပါဘူးဆိုပြီး ဖူးခက် ၊ ဖန်င ၊ ကဘိ သုံးခရိုင်ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်မှူးကြီး ၀စ်ရှာဝပ် ကို ဇွတ်အတင်းချောဆွဲပြီး လူမိုက်လုပ်ရတော့တာပါပဲ.။ တကယ်တော့ ဗိုလ်တိုးဟာ သင်္ကြန် အမြောက်ပါ။ မင်္ဂလာပွဲဟာ အေးအေးချမ်းချမ်း ပြီးသွားခဲ့ပါတယ်။ နေအုံးဗျ။ ဗိုလ်တိုးလို လူတယောက်ဟာ ကျနော်လို လူလည်ကို နဝေတိမ်တောင် ဖြစ်အောင်  လုပ်နိုင်တာကလည်း နည်းတဲ့ အရည်အချင်းတော့မဟုတ်ဘူး။ ဗိုလ်တိုးရဲ့ထူးခြားချက်ကတော့ စာဖတ်အား ကောင်းခြင်းပါပဲ။သူဟာ ဝန်ကြီးချုပ်ဟောင်းဦးနု ထိုင်း ဖက်ကို တိမ်းရှောင်လာစဉ်က ဦးသွင်နဲ့အတူပါလာတယ် လို့လည်းဆိုသဗျ။

ဆက်လက်ဖော်ပြပါမည်။
↧

Viewing all articles
Browse latest Browse all 346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...


ဂျူနီယာဝင်း -ဒေါက်တာဂျက်ကဲလ် နှင့် မစ္စတာဟိုက်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ကညနမှ နယ်လှည့် ပုံမှန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းအဖြစ်...


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


ဝေရှောက်ကမ်း ဘယ်ရောက်သွားပြီလဲ


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


Windows 10 19H1 Airlock Premium v4 Permantly Activated 2019 (x64)


ပဲပိုးတီ စိုက်ပျိုးနည်း


၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး